ပျော်ရွှင်ဝမ်းမြောက်နေတဲ့ မိသားစုဝင်တွေပြသတဲ့ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ ကလေးငယ်များပုံ

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သမ်လောင်လှိုဏ်ဂူထဲ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူအားလုံးကို အသက်ရှင်လျက် ပြန်လည် တွေ့ရှိချိန်မှာ ကယ်ဆယ်ရေး ရေငုပ်သမားတွေ ရိုက်ကူးထားတဲ့ နောက်ဆုံးရ ဓာတ်ပုံတွေကို ပျော်ရွှင်ဝမ်းမြောက်နေတဲ့ မိသားစုဝင်တွေက ပြသထားတာကို ဇူလိုင်လ ၂ ရက်နေ့က တွေ့မြင်ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - Lillian Suwanrumpha/AFP) ၎င်းတို့ကို ပြန်တွေ့ဖို့ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်လာတာ (၉) ရက်မြောက်မှာ ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။