လှိုဏ်ဂူထဲ ပိတ်မိပျောက်ဆုံးနေတဲ့ လူငယ်များကို ဆက်လက် ရှာဖွေနေဆဲ

ဇွန်လ ၃၀ ရက်က ထိုင်းရေတပ်ရဲ့ Underwater Demolition Assault ယူနစ်အဖွဲ့ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သမ်လောင်လှိုဏ်ဂူထဲ ပိတ်မိပျောက်ဆုံးနေတဲ့ လူငယ်များကို ရှာဖွေရေးနဲ့ ကယ်ဆယ်ဖို့အတွက် ရေကြီးနေတဲ့ လှိုဏ်ဂူအတွင်း ဖြစ်လျှောက်ကာ စစ်ဆေးနေတာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ၊ အေအက်ဖ်ပီ) ဒီကယ်ဆယ်ရေးလုပ်ငန်းအတွက် ရေငုပ်သမားများ၊ ရဲတပ်ဖွဲ့၊ စစ်သားများ၊ နယ်ခြားစောင့် တပ်သားတွေနဲ့ အနံခံခွေးတွေအပါအဝင် လူအင်အား ၁၀၀၀ ကျော် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အကြား အသက်အပိုင်းအခြားရှိ ထိုင်းလူငယ် ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြဖြစ်သူတို့ဟာ ဇွန်လ ၂၃ ရက်ကတည်းက အဆိုပါ သမ်လောင်ဂူထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး အခုဆိုရင် တစ်ပတ်ပြည့်ခါနီးလာပါတယ်။