ပိတ်မိပျောက်ဆုံးနေတဲ့ ထိုင်းလူငယ်များကို ကယ်တင်နိုင်ရန် အမေရိကန် အထူးစစ်ဆင်ရေးတပ်မ ပူးပေါင်း

အမေရိကန် အထူးစစ်ဆင်ရေးတပ်မ ပစိဖိတ်ဒေသ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သမ်လောင်လှိုဏ်ဂူထဲ ပိတ်မိပျောက်ဆုံးနေလျက်ရှိတဲ့ ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇွန်လ ၂၈ ရက်နေ့က လာရောက်ပူးပေါင်းကြတာဖြစ်ပါတယ်။ (ဓာတ်ပုံ - Pongmanat Tasiri/အီးပီအေ) အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အကြား အသက်အပိုင်းအခြားရှိ ထိုင်းလူငယ် ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြဖြစ်သူတို့ဟာ ဇွန်လ ၂၃ ရက်ကတည်းက အဆိုပါ သမ်လောင်ဂူထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး ယခုအချိန်ထိ ပြန်ရှာတွေ့ခြင်း မရှိသေးပါဘူး။