'Disney Sand Magic' သဲပန်းပုပွဲတော်

ဘယ်လ်ဂျီယံနိုင်ငံ၊ အော်စ်စတန့်ဒီမှာ ပြုလုပ်တဲ့ 'Disney Sand Magic' ပွဲတော်မှာ ပြသထားတဲ့ သဲပန်းပုတွေကို ဇွန်လ ၂၅ ရက်က တွေ့ရတာဖြစ်ပါတယ်။ ဒီပွဲတော်မှာ ၂ မီတာကနေ ၆ မီတာမြင့်တဲ့ သဲပန်းပု ၁၅၀ အတွက် တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့ သဲတွေကို ထရပ်ကား အစီးရေ ၂၄၀ ကျော်က သယ်ဆောင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အတတ်ပညာရှင်တွေက Disney, Pixar, Marvel နဲ့ Star Wars တို့မှ ဇာတ်ကောင်တွေကို တစ်လခန့် ပုံဖော်ခဲ့ပါတယ်။ အဆိုပါသဲပန်းပုပွဲတော်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသဲပန်းပုပွဲတော်ဖြစ်ပြီး ဇွန်လ ၂၃ ရက်မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - Stephanie Lecocq/အီးပီအေ)