လိုဏ်ဂူထဲ ပျောက်ဆုံးနေတဲ့ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူတို့ကို ဆက်လက် ရှာဖွေ

နေဗီလ်ဆီးလ် ရေငုပ်သမား တစ်ဒါဇင်ခန့်နှင့် အခြားကယ်ဆယ်ရေးသမားများက ရေကြီးမှုကြောင့် လိုဏ်ဂူအတွင်း ဝင်ရောက်သောင်တင်နေကာ ပျောက်ကွယ်နေတဲ့ ယောက်ကျားလေး ၁၂ ဦးပါ ဘောလုံးအသင်းနှင့် နည်းပြဖြစ်သူကို ရှာဖွေရေးအတွက် လိုဏ်ဂူအတွင်း ဇွန် ၂၆ နံနက် ရှစ်နာရီခွဲက ထပ်မံဝင်ရောက် ရှာဖွေကြပြီ ဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ) ထိုင်းနိုင်ငံ၊ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ လိုဏ်ဂူအတွင်း အဆိုပါ ဘောလုံးအသင်း ပျောက်ဆုံးနေခြင်းကို ရှာဖွေမှု ထပ်မံပြုလုပ်တာဖြစ်ပါတယ်။