မွမ်ဘိုင်းမြို့တွင်းက ကာလာစုံခြယ်သထားတဲ့ ဆင်းရဲသားရပ်ကွက် နေအိမ်များ

အိန္ဒိယ မွမ်ဘိုင်းမြို့တွင်းက ငါးဖမ်းဧရိယာတစ်ခုမှာ နေအိမ်တွေကို ဆေးရောင်စုံ ခြယ်သထားတဲ့ လှပတဲ့ မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။ မွမ်ဘိုင်းမြို့တွင်းက ဆင်းရဲသားရပ်ကွက်တွေကတော့ ခုချိန်မှာ ကာလာစုံ ခြယ်သထားပြီး လှပနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကလည်း အိန္ဒိယဘဏ္ဍာရေးအချက်အချာမြို့တော်ရဲ့ ချို့တဲ့ ဆင်းရဲတဲ့ ဧရိယာတွေအပေါ်မှာထားတဲ့ အများရဲ့ အမြင်ကို ပြောင်းလဲပေးနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်ချက်ကြောင့်လည်း ဖြစ်ပါတယ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)