ပြည်ထောင်စုကြံ့ခိုင်ရးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) လူငယ်ညီလာခံအား နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ၂၀၁၈ခုနှစ်၊ မေ ၃၀ရက်က ကျင်းပပြုလုပ်စဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)၊
တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပါတီဝင်လူငယ်ဦးရေ ၁,၂၀၀ကျော်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လေ့လာသူ လူငယ်ဦးရေ ၁၅၀ခန့်တက်ရောက်သည့် ညီလာခံသို့ ပါတီဥက္ကဌ ဦးသန်းဌေးက လမ်းညွှန်အမှာစကား ပြောကြားသည်။
ညီလာခံကျင်းပရသည့် ရည်ရွယ်ချက်များအနက် အရေးအကြီးဆုံးအချက်မှာ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း တာဝန်ပေးအပ်သွားရန် ဖြစ်သည်ဟု ဦးသန်းဌေးက အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။
USDP အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်၏ ဆောင်ရွက်ချက်များ တရားမျှတမှုမရှိဟုဆိုကာ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်၊ မပြိုင် စဉ်းစားနေဆဲဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားသည်။