လမ်းဟောင်းမှခွဲထွက်လိုက်သော မြစ်ဝကျွန်းပေါ်ဒေသလယ်သမားများ

ကြဲပက်စနစ်စွန့်လွှတ်ခြင်း၊ မျိုးသန့်သုံးခြင်းတို့ကစိုက်ပျိုးထွက်ကုန် အရည်အသွေး၊ အရေအတွက်ကောင်းမွန်စေသည်
အောင်ငြိမ်းချမ်း/Myanmar Now
ဘိုကလေး—စပါးဈေးကောင်းရရန် တောင်သူတို့ လုပ်ဆောင်ရမည့် အချက်များထဲတွင် စိုက်နည်းစနစ် တိုးမြှင့်ရေးလည်းပါဝင်သည်။
မိရိုးဖလာနည်းလမ်းဟောင်းများအနက် အချို့ကိုပြောင်းလဲပစ်မှအထွက်တိုးမည်ကိုစိုက်ပျိုးရေးသမားတချို့ကသဘောပေါက်လာကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှ လယ်သမားအများပြားသည်လည်း မျိုးကောင်းမျိုးသန့်၊ စိုက်နည်းစနစ် ပြုပြင်ပြောင်းလဲရေးတို့နှင့် အသားကျလာပြီဖြစ်သည်။ (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)