ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီကို ကန့်ကွက် ဆန္ဒပြသူများ

ဒေါ်အောင်ဆန်းစုကြည် ၏ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောမည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်တွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်ဆန္ဒပြနေသူများကို ဩဂုတ် ၃၀၊ မွန်းလွဲ ၁နာရီကျော်တွင် တွေ့ရစဉ်။ အသက်(၇၀)ကျော်အရွယ် ဦးစုဆိုသူက ဦးဆောင်ကာ ဇမ္ဗူသီရိလူငယ်များဟု ရေးသားထားသည့် အင်္ကျီဝတ်ဆင်ထားသူ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း လူ ၂၀ခန့်က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများက သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်သည် လက်ရှိသမ္မတဦးသိန်းစိန်၏ မဲဆန္ဒနယ်ဖြစ်သည်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)