ကမ္ဘာ့အရပ်ရှည်ဆုံး အမျိုးသားနှင့် အရပ်ပုဆုံး အမျိုးသမီးတို့ အီဂျစ်နိုင်ငံသို့ သွားရောက်လည်ပတ်

တူရကီနိုင်ငံမှ ကမ္ဘာ့အရပ်ရှည်ဆုံး အမျိုးသား စူလတန် ကိုဆန်နှင့် အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အရပ်ပုဆုံး အမျိုးသမီး ဂျိုတီအမ်ဂီးတို့ အီဂျစ်နိုင်ငံ၊ ဂီဇာရှိ ပိရမစ်များရဲ့ အရှေ့မှာ ဇန်နဝါရီ ၂၆ ရက်နေ့က ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ စံချိန်ရှင်တွေဖြစ်တဲ့ အရပ် အမြင့် ၂၄၃ စီတီမီတာရှိ ကိုဆန်နှင့် အမြင့် ၆၂.၈ စီတီမီတာရှိ အမ်ဂီးတို့ဟာ နိုင်ငံအတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အီဂျစ်နိုင်ငံကို သွားရောက်လည်ပတ်ကြတာဖြစ်ပါတယ်။ (ဓာတ်ပုံ - Mohamed Hossam/အီးပီအေ)