ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာတွင် ဟာ့ဂျ်ပွဲတော်ပြီးလျှင် ဒုတိယအကြီးဆုံး မွတ်စလင်ပွဲတော်ဖြစ်သော ဘီရှဝါအိဒ်တူမာ Biswa Ijtema ပွဲတော်၏ သုံးရက်မြောက် နောက်ဆုံး အက်ခါရီမူနာဂျက် Akheri Munajat ဝတ်ပြုဆုတောင်းသူများပွဲအား ၂၀၁၈ ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပပြီးစီးပြီးနောက် ဘင်္ဂလားဒေ့ရှ်မွတ်စလင်များစွာ ရထားတစ်စင်းပေါ် လူအပြည့်အသိပ် တိုးဝှေ့လိုက်ပါကာ နေရပ်သို့ ပြန်ကြစဉ်။ (ဓာတ်ပုံ - Abir Abdullah/အီးပီအေ) တူရတ်ချ်မြစ်ကမ်းပါးတွင် ကျင်းပပြုလုပ်သော သုံးရက်တာ အဆိုပါပွဲတော်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဝန်းက မွတ်စလင်များနှင့် ပြည်ပမှ လာရောက်ကြည့်ရှုသူပေါင်း တစ်သန်းနီးပါး တက်ရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။