အစိုးရ လျို့ဝှက်ချက်များအက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းသမား နှစ်ယောက်ရုံးထုတ်

မြန်မာနိုင်ငံ အစိုးရ လျို့ဝှက်ချက်များအက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းသမား နှစ်ယောက်ကို မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ လက်ရှိမှာ သူတို့ နှစ်ဦးကို CID မှာ ထိန်းသိမ်းထားပြီး ရိုက်နှက်စစ်မေးခြင်းတွေ မရှိဘူးလို့ ဒီကနေ့ ရုံးထုတ်မှာ ပြောသွားပါတယ်။ ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ ကိုဝလုံး (ခ) သက်ဦးမောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ပါတယ်။
(ဓာတ်ပုံ - သက်ကို)