မြွေတွေကို ဖယ်ရှားခဲ့ရတဲ့ ဘန်ကောက် မီးသတ်သမားတွေ

ထိုင်းနိုင်ငံ မီးသတ်သမားတွေအနေနဲ့ မီးလောင်တဲ့ သတင်းကြားရတာထက် ပိုတဲ့ ဖုန်းခေါ်ဆိုမှု သတင်းတွေကတော့ ဘန်ကောက်က အိမ်တွေထဲ မြွေတွေ ထိတ်လန့်စရာကောင်းလောက်အောင် စုပြုံဝင်ရောက်နေလို့ ဖုန်းဆက်ပြီး လှမ်းလှမ်း အကြောင်းကြားလို့ သွားရောက်ဖမ်းဆီးပေးနေရတဲ့ အဖြစ်ပါတယ်။ ဒီအခြေအနေကြောင့်ပဲ ဘန်ကောက် မီးသတ်သမားတွေဟာ မြွေဖမ်းနည်းတောင် သင်ရတဲ့ အဆင့်ထိကို ရောက်ခဲ့ပါတော့တယ်။(ဓာတ်ပုံ - Narong Sangnak/အီးပီအေ) မြို့တော်မှာ ခုလို အိမ်တွေထဲ မြွေဝင်ရောက်လို့ ဖမ်းရတဲ့ အရေအတွက်ဟာ မြင့်တက်လာနေကြောင်းကို မီးသတ်ဌာနက အတည်ပြုထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဖမ်းဆီးပေးခဲ့ရတဲ့ အရေအတွက်ဟာ ၁၆၉၂၀ ကောင်ရေရှိခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၆ မှာ ၂၄၅၅၉ ကောင်ရေနဲ့ ၂၉၉၁၉ ကောင်ရေ အသီးသီး ဖမ်းဆီးပေးခဲ့ရတယ် ဆိုပါတယ်။
အပြည့်အစုံ - http://www.mizzimaburmese.com/article/35256