APEC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းဆုကြည် တက်ရောက်

အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များရဲ့ (Partenering For New Dynamism For a Comperhensively Connnected and Integrated Aisa - Pacific) ခေါင်းစဉ် ဖြင့်ကျင်းပတဲ့ အလွတ်သဘောဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ ဒါနန်း Furama Resort မှာ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ/အီးအက်ဖ်အီး) 
အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများနှင့် အေပက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိ ကြီးများ၊ စီးပွားရေးဆိုင်ရာထိပ်တန်းအရာရှိကြီးများနှင့် အေပက်အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ၊ ဝန်ကြီးများနှင့်အဆင်မြင့်အရာရှိ ကြီးများ တက်ရောက်ကြပါတယ်။ ဆွေးနွေးပွဲမှာ အေပက်နှင့်အာဆီယံအကြား ပေါင်းစည်းဆက်သွယ်မှု၊ စည်းလုံးမှု၊ ပူပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။
ညပိုင်းမှာ ဗီယက်နမ်သမ္မတ ထရန် ဒိုင်ကွမ်က တည်ခင်းဧည့်ခံခဲ့တဲ့ ညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ 
အဆိုပါ (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲကို ဗီယက်နမ်နိုင်ငံက ဒုတိယအကြိမ်မြောက် လက်ခံကျင်းပခဲ့တာဖြစ်ပြီး ပထမတကြိမ်ကတာ့ ၂၀၀၆ ခုနှစ်ကဖြစ်ပါတယ်။