ရခိုင်ပြည်နယ်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကျပ်သိန်းပေါင်း ၁၆၇၀၀၀ လှူဒါန်း

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂၀ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ လှူဒါန်းမှုစုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၆၇၀၀၀ ဖြစ်သည်။
ကမ္ဘောဇကုမ္ပဏီမှ ဦးအောင်ကိုဝင်းက အများဆုံးအဖြစ် ကျပ်သိန်း ၃၀၀၀၀၊ MBCCD၊ စေပိုင်ကုမ္ပဏီမှ ဦးမောင်ဝိတ်က ကျပ်သိန်းပေါင်း ၁၅၀၀၀၊ Max Group of Companies မှ ဦးဇော်ဇော်က ကျပ်သိန်း ၁၀၀၀၀၊ United Amara Bank မှ ဦးနေအောင်က ကျပ်သိန်း ၁၀၀၀၀၊ ဇေကမ္ဘာကုမ္ပဏီမှ ဦးခင်ရွှေက ကျပ်သိန်း ၁၀၀၀၀၊ Eden Group of Companies မှ ဦးချစ်ခိုင်က ကျပ်သိန်း ၁၀၀၀၀၊ တော်ဝင်မိသားစုကုမ္ပဏီမှ ဦးကိုကိုထွေးက ကျပ်သိန်းပေါင်း ၁၀၀၀၀၊ Asia World ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင်က ကျပ်သိန်းပေါင်း ၁၀၀၀၀၊ ယုဇနကုမ္ပဏီမှ ဦးဌေးမြင့်က ကျပ်သိန်း ၁၀၀၀၀ နှင့်စသည့် စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၂ဦးက စုစုပေါင်း ကျပ်သိန်း ၁၆၇၀၀၀ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)