ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ

၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၉ရက်တွင် ကျရောက်သည့် ‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့’ အခမ်းအနားကို ယခင်နှစ်များနည်းတူ နေပြည်တော်ရှိ MICC-2 တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
ယခုနှစ် ၈လအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂ဒဿမ ၂၇သန်း ရှိခဲ့ပြီး ထိုပမာဏသည် ယခင်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ရာခိုင်နှုန်း တိုးတက်လာသည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ယခုနှစ်ကုန်ပိုင်းအထိ ခရီးသွားဧည့်သည် ၃ဒဿမ ၅သန်း ဝင်ရောက်နိုင်သည်ဟု အစိုးရက ခန့်မှန်းထားသည်။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)