One Championship

သမ္မတဦးထင်ကျော်နှင့် ဗီယက်နမ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E.General Ngo Xuan Lich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂ရက်၊ ညနေ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်နှင့် သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူတို့ တက်ရောက်ကြသည်။

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)