ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခများနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်နှင့် နို်င်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ တို့ ဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခများနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအတွင်း စက်တင်ဘာ ၂၁ရက်တွင် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲဟု အမည်ပေးထားသည့် ်အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ကိုဖီအာနန်၏ အစီရင်ခံစာကို လက်မခံကြောင်း၊ ပြည်ပစွက်ဖက်မှုကို လက်မခံကြောင်း၊ ဘက်လိုက်သည့်မီဒီယာများကို ရှုတ်ချကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ထောက်ခံကြောင်း စသဖြင့် ဟောပြောခဲ့ကြသည်။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)