ကမ္ဘောဒီးယားနေ့စဉ်သတင်းစာကို အစိုးရ ပိတ်သိမ်း

ကမ္ဘောဒီးယားနေ့စဉ်သတင်းစာ (Cambodia Daily) ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အခွန်ပေးဆောင်ထားနိုင်ခြင်း မရှိခဲ့တဲ့နောက် အဆိုပါသတင်းစာကို ကမ္ဘောဒီးယားအစိုးရက ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်က ပိတ်သိမ်းလိုက်ပါတယ်။ လွတ်လပ်တဲ့ အမြင်အရေးအသားနှင့် သတင်းတွေကို ၂၄ နှစ်ကြာ ထုတ်ဝေလည်ပတ်ခဲ့တဲ့ ကမ္ဘောဒီးယားနေ့စဉ်သတင်းစာဟာ အခွန်ငွေ ဒေါ်လ ၈ သန်း ပေးဆောင်စရာရှိတယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနေ့စဉ်သတင်းစာဟာ ၎င်းရဲ့ နောက်ဆုံးနှင့် နောက်ဆုံးထွက်စာဆောင်ကို စက်တင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့က ထုတ်ဝေခဲ့ပါတယ်။  (ဓာတ်ပုံ - Kith Serey/အီးပီအေ)