ဂျနူ ဦးခေါင်းနှစ်လုံးပါဂရိလိပ်

ဂျီနီဗာ သဘာဝသမိုင်းပြတိုင်မှာ ဂျနူလို့ အမည်ရတဲ့ ဦးခေါင်းနှစ်လုံးပါဂရိလိပ်ကို ၎င်းရဲ့ အကြိမ် ၂၀ မြောက် မွေးနေ့ဖြစ်တဲ့ စက်တင်ဘာ ၃ ရက်နေ့မှာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။
အဆိုပါလိပ်ဟာ ၁၉၉၇ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ဂျီနီဗာ သဘာဝသမိုင်းပြတိုင်မှာ ဥအတွင်းမှ ပေါက်ဖွာခဲ့ပြီးနောက် ဂျနူ နာမည်ရ ခေါင်းနှစ်လုံးပါ ရောမနတ်ဘုရားရဲ့ အမည်ကို ပေးခဲ့တာဖြစ်ပါတယ်။
ဦးခေါင်းနှစ်လုံးပါတိရစ္ဆာန်ဟာ သဘာဝအရ အသက်ရှည်မှာမဟုတ်ပေမယ့် ပြတိုင်တာဝန်ရှိသူတွေရဲ့ စောင့်ရှောက်ထားနိုင်မှုကြောင့် ယခင် နှစ်အနည်းငယ်သာ နေထိုင်သွားခဲ့တဲ့ ခေါင်းနှစ်လုံးပါလိပ်ရဲ့ သက်တမ်းရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။
(ဓာတ်ပုံ - Fabrice Coffrini/အေအက်ဖ်ပီ)