အဝလွန်အမျိုးသမီးများအတွက် Miss Fat Thailand 2017 အလှမယ်ပြိုင်ပွဲ

Miss Fat Thailand 2017 အဝလွန်အမျိုးသမီးများအတွက် အလှမယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သြဂုတ်လ ၃၁ ရက်က ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲအတွက် အလှမယ်သရဖူကို ထိုင်းအဝလွန်အမျိုးသမီး (၂၀)ဦးပါဝင် ယဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - Rungroj Yongrit/အီးပီအေ) ကိုယ်လေးချိန်လွန် အမျိုးသမီးများအတွက် အပြုသဘောဆောင်တဲ့ ပုံရိပ်ကို ပြသခြင်းနှင့် ၎င်းတို့ကို လူ့အဖွဲ့အစည်းထဲ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းရန် အဝလွန်အမျိုးသမီး အလှမယ်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ပါတယ်။