မြောက်ကိုရီးယား နျူးကလီးယားဗုံးခြိမ်းခြောက်မှုကြောင့် ဗုံးခို အဆောက်အအုံများ ရောင်းအားတက်

မြောက်ကိုရီးယား နျူးကလီးယားဗုံးခြိမ်းခြောက်မှု ပြဿာနာများကြောင့် အမေရိကန်နိုင်ငံမှာ ဗုံးခို အဆောက်အအုံများ၊ အမိုးအကာများဟာ ဗုံးခို အဆောက်အအုံ တည်ဆောက်ရေး ကုမ္ပဏီများအတွက် ရောင်းအားကောင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာလည်း ဗုံးခို အဆောက်အအုံများ ရောင်းအားကောင်းနေပြီး တည်ဆောက်ရေး ကုမ္ပဏီအချို့ထံ မှာယူမှု များပြားနေတယ်လို့ဆိုပါတယ်။
ရိုးရိုးဗုံးခို အဆောက်အအုံတစ်ခုအတွက် ပေါင် ၁၀၀,၀၀၀ ဖြင့် ရောင်းချပြီး ဝယ်ယူသူရဲ့ စိတ်ကြိုက်ပေါ်မူတည်ပြီး ဇိမ်ခံလို့ရမယ့် အဆင့်မြင့်ပုံစံဘန်ကာအတွက် ပေါင်သန်းချီ ကုန်ကျမှာဖြစ်ပါတယ်။
ပေါင် ၁၀၀,၀၀၀ တန် ၁၀ ပေ၊ ၅၀ ပေ စတီးလ် ဗုံးခွဲအဆောက်အုံမှာ အိပ်ယာကုတင်၊ အိမ်သာတစ်လုံး၊ ရေချိုခန်း၊ လေစစ်ပေးတဲ့ စနစ်နှင့် ရေအပူပေးစက် တပ်ဆင်ထားပါတယ်။
 အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Dallas မြို့ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Atlas Survival Shelters က ဂိုဒေါင်ထဲမှာ  တည်ဆောက်ထားတဲ့ ဗုံးခွဲအဆောက်အုံတွေကို ဖော်ပြထားတဲ့ ပုံတွေထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
Photos & Source: EPA