ပရက်စလေ သေဆုံးခြင်း နှစ် ၄၀ ပြည့်နှစ်ပတ်လည်

အမေရိကန်အိုင်ကွန်နှင့် ရော့ခ်အင်ရိုးဘုရင် အဲဗစ် ပရက်စလေဟာ အမေရိကန်နိုင်ငံ၊ တန်နက်စ်စီပြည်နယ်၊ မန်းဖစ်စ်ရှိ ၎င်းရဲ့ Graceland အိမ်ကြီးမှာ ၁၉၇၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီလိုနေ့မျိုးရောက်တိုင်း နှစ်စဉ် ပရိသတ် ၆ သိန်းကျော်က ပရက်စလေ နစ်မြုပ်ရာ Graceland အိမ်ကြီးရှိ Meditation မှာ အရိုအသေပေး ဂုဏ်ပြုဖို့ သွားရောက်ကြပါတယ်။
သူ့ရဲ့ Graceland အိမ်ကြီးဟာ အမေရိကန်နိုင်ငံမှာ အိမ်ဖြူတော်ပြီးရင် ဒုတိယမြောက် နာမည်အကြီးဆုံးအိမ်ဖြစ်ပါတယ်။
ပရက်စလေဟာ အနောက်ဂျာမနီ၊ Friedberg မှာ တပ်စွဲခဲ့တဲ့ အမေရိကန်စ်တပ်မှာ ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ဟက်ဇ်ပြည်နယ်ရှိ Bad Nauheim ရဲ့ အိမ်နီးချင်းမြို့မှာ နေထိုင်ခဲ့ပါတယ်။
ပရက်စလေရဲ့ ပထမဆုံးတေးအယ်ဘ်ဘမ်ကို မန်းဖစ်စ်ရှိ Sun Studio မှာ သွင်းယူခဲ့ပါတယ်။
ပရက်စလေ သေဆုံးခြင်း နှစ် ၄၀ ပြည့်နှစ်ပတ်လည်ကို ၂၀၁၇ သြဂုတ်လ ၁၇ အဖြစ် ကျင်းပမှာဖြစ်ပြီး Bad Nauheim မှာ European Elvis Festival ပွဲတော်ကို သြဂုတ်လ ၁၈ မှ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ကာ အခုဆိုရင် အဆိုပါပွဲဟာ ၁၆ နှစ် သက်တမ်းရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Photo & Ref; AFP, EPA