ကိုကင်း တန်ချိန် ၁ တန်ကျော်ကို ကိုလံဘီယာအာဏာပိုင်များ ဖမ်းဆီးရမိ

ကိုလံဘီယာနိုင်ငံရှိ Buenaventura ဆိပ်ကမ်းမှာ ကွန်တိန်နာတစ်ခုအတွင်းမှ ဖန်းဆီးရမိခဲ့တဲ့ ကိုကင်းအထုတ်တွေကို သြဂုတ်လ ၁၀ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။ ကိုလံဘီယာ ရဲတပ်ဖွဲ့များက တန်ချိန် ၁,၀၅၄ ကီလိုဂရမ်ရှိတဲ့ ကိုကင်းတွေကို  ပစိဖိတ်ရှိ နိုင်ငံရဲ့ အဓိက ဆိပ်ကမ်း Buenaventura မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီကိုကင်းတွေကို အမေရိကအလယ်ပိုင်းသို့ တင်ပို့ဖို့ဖြစ်ပြီး နောက်ပိုင်းမှာ ဥရောပကို ရောက်ရှိဖို့အတွက်လို့ သိရပါတယ်။ (ဓာတ်ပုံ - Mauricio Duenas Castaneda/အီးပီအေ)