ဘာစီလိုနာနှင့် ချာပီကိုအန်ဆီအသင်းတို့ ယိုအန်ဂမ်ပါဖလားပွဲ ကစားခဲ့

ဘာစီလိုနာအသင်းဟာ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် သြဂုတ်လ ရ ရက်က ကစားသွားခဲ့တဲ့ ယိုအန်ဂမ်ပါဖလားပွဲမှာ ချာပီကိုအန်ဆီအသင်းကို (၅-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၈ ရက်က ရှာပါကွင်းစ်အသင်းမှ ဘောလုံးသမားများ အများစုလိုက်ပါလာတဲ့ လေယာဉ်ဟာ Sudamericana ဖလားဗိုလ်လုပွဲ ပထမအကျော့အတွက် မက်ဒီလင်းမြို့မှာ ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းနှင့် ကစားဖို့ ခရီးနှင်လာခဲ့စဉ် ကိုလံဘီယာနိုင်ငံမှာ ပျက်ကျပြီး ကစားသမားအားလုံးနီးပါးအပါအဝင် လူ ရ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဘာစီလိုနာအသင်းက ချာပီကိုအန်ဆီအသင်းကို အားပေးကူညီသည့်အနေဖြင့် အားပေးကူညီတဲ့အနေဖြင့် နူးကမ်ကွင်းမှာ  ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)
ပွဲပြီးရလဒ်
ဘာစီလိုနာ ၅-၀ ချာပီကိုအန်ဆီ
ဒယ်လိုဖူ ၆'
ဘူးစကွက်စ် ၁၁'
မက်ဆီ ၂၈'
ဆွာရက်ဇ် ၅၅'
ဒင်းနစ်ဆွာရက်ဇ် ရ၄'