ချယ်လ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ၂၀၁၇ ကွန်မြူနတီဒိုင်း ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်

သြဂုတ်လ ၆ ရက်က အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ရဲ့ ၂၀၁၇-၁၈ ရာသီရဲ့ အဖွင့်ပွဲဖြစ်တဲ့ အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲမှာ ပွဲချိန်မိနစ် ၉၀ အတွင်း နှစ်ဖက် ၁ ဂိုးဆီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ အာဆင်နယ်က ၄-၁ဂိုးနဲ့ ချယ်လ်ဆီးကို အနိုင်ရရှိကာ အသင်းသမိုင်းတစ်လျှောက် (၁၅)ကြိမ်မြောက် ကွန်မြူနတီဒိုင်းကို ရယူခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ) ဒီပွဲမှာ ပယ်နယ်တီ အဆုံးအဖြတ်ခံကို ABBA စနစ်သစ်နဲ့ ကန်သွင်းခဲ့ပါတယ်။ ပယ်နယ်တီမှာ အာဆင်နယ်ဘက်က ဝေါလ်ကော့၊ မွန်ရီယဲလ်၊ ချိန်ဘာလိန်၊ ဂျရူးတို့ ဂိုးဝင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ကာဟေးလ်တစ်ဦးသာ ဂိုးဝင်ပြီး ကော်တိုအာ၊ မိုရာတာတို့ လွဲချော်ခဲ့လို့ အာဆင်နယ်အသင်းက ၂၀၁၇ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲရလဒ်
အာဆင်နယ် ၁-၁ ချယ်လ်ဆီး
ကိုလာဆီနက် ၈၂' ၊ မော့ဆက် ၄၆'
ပင်နယ်တီ : အာဆင်နယ် ၄-၁ ချယ်လ်ဆီး
ဝေါလ်ကော့ - ဂိုး - ကာဟေးလ် - ဂိုး
မွန်ရီယဲယ် - ဂိုး - ကော်တိုအာ- လွဲချော်
ချိန်ဘာလိန် - ဂိုး - မိုရာတာ - လွဲချော်
ဂျရူး - ဂိုး