ပဲရစ်ရှိ အိဖယ်(လ်)မျှော်စင်မှ နေမာကို ကြိုဆိုနှုတ်ဆက်

သြဂုတ် ၅ ရက်က ပြင်သစ်လီဂူ-၁ ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီနှင့် အာမီယန်စ်တို့ မတိုမီ နေမာရဲ့ တရားဝင်မိတ်ဆက်တဲ့ အခမ်းအနားကို  Parc des Princes ကွင်းမှာ ပြုလုပ်ခဲ့ပြီး ဘရာဇီးတိုက်စစ်မှူး ပဲရစ်ကို ရောက်ရှိလာတဲ့ ဂုဏ်ပြုတဲ့အနေနဲ့ အိဖယ်(လ်)မျှော်စင်မှာ အနီနှင့် အပြာရောင် (PSG ဘောလုံးအသင်းရဲ့ အရောင်များ)ဖြင့် ပုံဖော်အလှဆင်ထားတာကို တွေ့ရပါတယ်။ (ဓာတ်ပုံ - Christtophe Petit Tesson/အီးပီအေ)
"ကျနော် PSG အသင်းကို ရောက်လာဖို့ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့တယ်လို့ သိရှိထားပြီး ဒီနေရာမှာ သမိုင်းမှတ်တမ်း ရေးထိုးဖို့ ကျနော် မျှောင်လ့င်ပါတယ်"လို့ သောင်းချီတဲ့ PSG ပရိသတ်များမှ ကြီးမားတဲ့ ကြိုဆိုလက်ခံမှုကိုရရှိခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားက ပြောပါတယ်။
နေမာဟာ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ပေါင်သန်း ၂၀၀) ဖြင့် လီဂူ -၁ ကလပ်အသင်းဆီ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
နေမာဟာ အခွန်ဆောင်ပြီး ကနဦး (၅)နှစ် စာချုပ်အတွက် စုစုပေါင်း ပေါင်သန်း (၄၀၀) ရရှိမှာဖြစ်ပြီး တစ်နှစ်လုပ်ခလစာမှာ ယူရို ၄၅ သန်း (ပေါင် ၄၀.၇ သန်း) ဖြစ်ကာ တစ်ပတ်လျှင် ယူရို ၈၆၅,၀၀၀ (ပေါင် ရ၈၂,၀၀၀) ဝင်ငွေ ရရှိပါတယ်။
"ကျနော် ဒီနေရာမှာရှိနေရလို့ အလွန်ပဲ ပျော်ရွှင်မိပြီး ဒီအသင်းကြီးမှာ ဒီကြီးမားတဲ့ စိန်ခေါ်မှုကို လက်ခံသွားဖို့ ဖြစ်ပါတယ်။"လို့ သူက ထည့်သွင်းပြောကြားပါတယ်။