ဖိလစ်ပိုင်ကလေးအမေများ လူမြင်ကွင်းရှေ့ ကလေးနို့တိုက်ပွဲ ကျင်းပ

မနီလာ အားကစားကွင်းအတွင်း ပြည်တွင်း ပေါ့ပ်သီချင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်ထားကာ ရာပေါင်းများစွာတဲ့ ကလေးအမေများက သူတို့သားသမီး ကလေးငယ်များကို နို့တိုက်ကြတာဖြစ်ပြီး တစ်ချို့ကလေးမအေများမှာ ကလေးနှစ်ဦးကို တစ်ပြိုင်တည်း နို့တိုက်နေကြပုံကိုလည်း မြင်တွေ့ရပါတယ်။ (ဓာတ်ပုံ - Francis R.Malasig/အီးပီအေ) ကလေးသေဆုံးမှုနှင့် နို့ချိုတိုက်ကျွေးတဲ့ အလေ့အမြစ်တွယ်ရေးတို့ကို ရည်ရွယ်တဲ့အပြင် (၅၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ)အသင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ မနီီလာအရှေ့ပိုင်း Quezon City မှာ ကလေးမိခင် ၂၀၀၀ ခန့် လူမြင်ကွင်းရှေ့ ကလေးနို့တိုက်ကျွေးပွဲကို သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/30312