နေမာရဲ့ PSG ဂျာစီသစ်ကို ဝယ်ယူဖို့ စောင့်စားနေကြတဲ့ ပရိသတ်များ

ဘရာဇီးကြယ်ပွင့်ကစားသမား နေမာရဲ့ PSG ဂျာစီသစ်ကို ဝယ်ယူဖို့  ပဲရစ်မြို့ရှိ Champs Elysees လမ်းပေါ်က PSG ဘောလုံးကလပ် စတိုးဆိုင်ပြင်ပမှာ စောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၄ ရက်က တွေ့ရတာဖြစ်ပါတယ်။ (Philippe Lopez/အေအက်ဖ်ပီ) ဘရာဇီးစူပါစတား နေမာဟာ ကာတာပိုင်ကလပ်နှင့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ သောကြာနေ့အစောပိုင်းမှာ ပဲရစ်ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။