တိုင်ပေမှာ တိုင်ဖွန်းမုန်တိုင်း နီဆက် တိုက်ခတ်ပြီး နောက်ဆက်တွဲမြင်ကွင်း

ထိုင်ဝမ်မှာ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း နီဆက်(Nesat)နဲ့အတူ ထိခိုက်ပျက်စီးမှုများကို ဇူလိုင်လ ၃၀ ရက်နေ့က မြင်တွေ့ရပါတယ်။ မြောက်ပိုင်းထိုင်ဝမ်ကို တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း နီဆက်ကြောင့် လူ နှစ်ဦးသေဆုံးပြီး လူ ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
နီဆက်မုန်တိုင်း ၀င်ရောက်ခဲ့တဲ့ အိုင်လန်ကောင်တီမှာလည်း နေအိမ်ပေါင်း တစ်သိန်းခန့်ဟာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတယ်။ စနေနေ့နေ့လည်နှင့် တနင်္ဂနွေနေ့အစောပိုင်းတွေမှာ ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များကို ဖျက်သိမ်းခဲ့တာကြောင့် ခရီးသည်အများအပြား လေဆိပ်မှာ သောင်တင်နေခဲ့ကြပါတယ်။
မုန်တိုင်းဗဟိုချက်မဟာ ထိုင်ဝမ်အတွင်းသို့ တနင်္ဂနွေနေ့အစောပိုင်းမှာ ဖြတ်သန်းသွားကာ တရုတ်နိုင်ငံ ဖူကျင်းခရိုင်မြို့တော် ဖူကျိုးမြို့သို့ ဦးတည်ထွက်ခွာသွားပြီဖြစ်ပေမယ့် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ နောက်ထပ် တိုင်ဖုန်းမုန်တိုင်းတစ်ခု ထပ်မံဖြစ်တည်နေပြီး မကြာမီရက်များအတွင်း ထိုင်ဝမ်အတွင်းသို့ ဆက်လက်ဝင်ရောက်လာမည်လို့ ခန့်မှန်းထားကြပါတယ်။
Source & Photos: EPA, EFE