ကမ္ဘောဒီးယားရှိ အမှိုက်တွေကို ပြန်လည်အသုံးပြုထားတဲ့ စာသင်ကျောင်း

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ ခိုဒတ်ချ်ကျွန်းက Coconut စာသင်ကျောင်းကို ဇူလိုင်လ ၂၈ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။ Coconut ကျောင်းကို အသုံးပြုပြီးသား တာယာ၊ ပလပ်စတစ်ခွက်များနှင့် ပုလင်းများကဲ့သို့ အမှိုက်သရိုက်တွေအားလုံးနီးပါးဖြင့် ဟိုတယ် မန်နေဂျာဟောင်းတစ်ယောက်ဖြစ်သူ Ouk Vandy က ၂၀၁၃ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ အဆိုပါကျောင်းက အင်္ဂလိပ်စာ၊ သချာင်္ဘာသာရပ်နှင့် ကွန်ပျူတာ တတ်မြောက်ကျွမ်းကျင်မှုတွေကို အခမဲ့ သင်ယူဖို့ ကျွန်းထဲရှိ ကလေး အယောက် ၂၈၀ ဦးအတွက် အခွင့်အလမ်း ပေးထားပါတယ်။ (ဓာတ်ပုံ - Mak Remissa/EPA)