ဘန်ကောက်မှာရှိတဲ့ မြွေမွေးမြူရေးခြံ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Queen Saovabha Memorial အင်စတီကျူနှင့် မြွေမွေးမြူရေးခြံမှာ ထိုင်းမြွေကျွမ်းကျင်သူများက မြွေတွေကို ကိုင်တွယ်ပြသတာကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့က တွေ့ရပါတယ်။
နိုင်ငံအတွင်း မြွေအဆိပ် ကုသမှုနှင့် သွေးရည်ကြည် သုတေသနနှင့် ဖွံ့ဖြိုးဖို့အတွက် တရားဝင် အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်နှင့်အတူ အဆိုပါမြွေမွေးမြူရေးခြံကို ၁၉၂၃ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ မြွေမျိုးစိတ် ၂၀၀ ကျော်ရဲ့ မူလနေရာဖြစ်ပြီး အဲဒီထဲက မျိုးစိတ် ၆၀ ဟာ အဆိပ်ပြင်းအမျိုးအစားဖြစ်ပါတယ်။
(ဓာတ်ပုံ - Diego Azube/EPA)