ဂျပန်ဆာမူရိုင်း ကျစ်ကြိုး ထုတ်လုပ်မှု

ဂျာပန်နိုင်ငံ၊ ကာနာဇာဝါမြို့မှာရှိတဲ့ အိုရီမိုတို ဆမီရာကော်ပိုရေးရှင်း စက်ရုံမှာ ဆာမူရိုင် ကျစ်ကြိုးတွေ ပြုလုပ်ဖို့ ပိုးချည်တွေ ရက်လုပ်နေတာကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။
အဆိုပါ ရက်ကန်းကုမ္ပဏီဟာ နှစ်ပေါင်း (၄၅၀)ရှိ ရိုးရာ ကျစ်ကြိုးထုတ်လုပ်မှုကို ဆက်လက် လုပ်ကိုင်နေပါတယ်။ ဒီကျစ်ကြိုးတွေကိုတော့ မူလအားဖြင့် ဆာမူရိုင်းစစ်သူရဲတွေနဲ့ ဆာမူရိုင်းယဉ်ကျေးမှုတွေဖြစ်တဲ့ ဆာမူရိုင်း ဓားလက်ကိုင်မှာ ချည်နှောင်ရန်၊ လက်ဖက်ရည် အခမ်းအနား သစ်သားသေတ္တာတွေကို ထုတ်ပိုးရန်၊ အမျိုးသမီးတွေရဲ့ ကီမိုနိုအတွက် အလှဆင် ပစ္စည်း သို့မဟုတ် ချည်နှောင်ရန်၊ လက်ကိုင်အိတ်များနှင့် လက်ဆောင်သေတ္တာတွေ ပိတ်ရန် အသုံးပြုခဲ့ကြပါတယ်။
ဆာမူရိုင်းတွေရဲ့ အုပ်စိုးတဲ့ Sengoku ခေတ် ၁၂ ရာစုမှ ၁၇ ရာစုနှစ်တွေမှာ တိုကျိုရဲ့ အနောက်ဘက် ယာမာနာရှိစီရင်စုကို ဆာနာဒါ (Sanada)မျိုးနွယ်စုမှ နာမည်ကြီး ဆာမူရိုင်း ဗိုလ်ချုပ်ကြီး မာဆားယူကီ ဆာနာဒါက အုပ်ချုပ်ခဲ့ပြီးနောက် ဆာနာဒါကျစ်ကြိုးလို့  အမည်ပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါကျစ်ကြိုးဟာ စိုစွတ်တဲ့အခါ ခိုင်မာပြီး ကြံ့ခိုင်တဲ့အတွက် ကျွတ်ထွက်မသွားစေဘဲ ထူးခြားတဲ့ ကျစ်ကြိုးဖြစ်ပါတယ်။  
(ဓာတ်ပုံ - Everett Kennedy Brown/EPA)