ဗီးနပ်စ်ဝီလျံကို စပိန်တင်းနစ်မယ် မူဂူရူဇာ အနိုင်ယူပြီး ဝင်ဘယ်လ်ဒန်အိုးပင်း ချန်ပီယံဆု ထမဆုံးအကြိမ်် ဆွတ်ခူး

မဇ္ဈိမသတင်းဌာန
ဇူလိုင်လ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ စပိန်တင်းနစ်မယ် မူဂူရူဇာက အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလျံကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ဆွတ်ခူးသွားခဲ့ပါတယ်။
အဆိုပါဗိုလ်လုပွဲစဉ်မှာ အသက် ၂၃ နှစ်အရွယ် မူဂူရူဇာ (ဆီဒင်း ၁၄)က ၇-၅၊ ၆-၀ ဖြင့် ဗီးနပ်စ်ဝီလျံကို ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရခဲ့ကာ ၂၀၁၅ ခုနှစ် ဗိုလ်လုပွဲမှာ ဝီလျံရဲ့ ညီမ ဆရီနာဝီလျံအပေါ် ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်ကတော့ ၁ နာရီ၊ ၁၇ မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။
"လွန်ခဲ့တဲ့ နှစ်နှစဝ်က ဆရီနာကို ကျမ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တနေ့ ကျမ အနိုင်ရလိမ့်မယ်လို့ သူမက ကျမကို ပြောပါတယ်။ အခု ကျမ ဒီနေရာမှာ တကယ်ဖြစ်လာပါပြီ။ "လို့ မူဂူရူဇာက ပြောပါတယ်။
မူဂူရူဇာဟာ ၂၀၁၆ ခုနှစ် ပြင်သစ်အိုးပင်းမှာ ချန်ပီယံဆုဖလား ရရှိထားပြီး ယခု ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ဆွတ်ခူးတာကြောင့် ဂရင်းဆလင်းချန်ပီယံဆု ၂ ကြိမ် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ၉ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ဗီးနပ်စ်ဝီလျံကတော့ ဝင်ဘယ်ဒန်ချန်ပီယံဆုဖလားကို ယခုဗိုလ်လုပွဲအပါအဝင် (၉)ကြိမ်မှာ (၅) ကြိမ် ဗိုလ်စွဲခဲ့ပြီး ဆုဖလား ၆ ကြိမ်မြောက် ရရှိနိုင်မယ့် မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့ရပါတယ်။  ဗီးနပ်စ်ဟာ ဂရင်းဆလင်းအဆင့်ပြိုင်ပွဲတွေမှာလည်း စုစုပေါင်း ချန်ပီယံဆု (၇) ကြိမ်ရရှိထားသူ ဖြစ်ပါတယ်။
ဝင်ဘယ်လ်ဒန်တင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကိုတော့ ဆွစ်ဇာလန်တင်းနစ်ကစားသမား ရောဂျာဖက်ဒရာနဲ့ ခရိုအေးရှားမှ မာရင်စီလစ်တို့  ဇူလိုင်လ ၁၆ ရက်၊ တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် ည ရး၃၀) မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
Ref; EFE_EPA