နေပြည်တော်တွင်ပြိုင်မည့် NLD အမတ်လောင်း များလျှောက်လွှာတင်ပြီ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ပေါင်း(၈)မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများ ဩဂုတ်လ ၅ ရက် ကနေပြည်တော်ကောင်စီရုံးရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းလျှောက်လွှာတင်စဉ်။ (ဓာတ်ပုံ -မင်းမင်း၊ မဇ္ဈိမ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူလွှတ်တော် အတွက် ၈နေရာနှင့် အမျိုးသားလွှတ်တော်အတွက် ၂နေရာ၊ စုစုပေါင်း ၁၀နေရာစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
NLD အမတ်လောင်းများ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်မြို့နယ် များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁) ဒေါ်ခင်မျိုးသွင်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
၂) ဦးရည်မွန်(ခ)ဦးတင်သစ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
၃) ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
၄) ဦးဖြိုးဇေယျာသော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
၅) ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်
၆) ဦးသန်းစိုးအောင်၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်
၇) ဦးကျော်တင့်၊ တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်
၈) ဦးမျိုးဇော်ဦး၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်
၉) ဦးမောင်မောင်ဆွေ၊ မန္တလေးတိုင်း၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉)
၁၀) ဦးကျော်မြင့်ဦး၊ မန္တလေးတိုင်း၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၀)