အထည်ချုပ်စက်ရုံ အမျိုးသမီးအလုပ်သမများဘေးကင်းလုံခြုံမှုအခြေအနေများကို ဆန်းစစ်သည့် Safety Audit report မိတ်ဆက်

အထည်ချုပ်စက်ရုံ အမျိုးသမီးအလုပ်သမများဘေးကင်းလုံခြုံမှုအခြေအနေများကို ဆန်းစစ်သည့် Safety Audit report ကို ဇွန်လ ၁၅ရက် နံနက်က ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် ကျင်းပခဲ့သည်။
အဆိုပါ Safety Audit report အတွက် ရန်ကုန်မြို့က အထည်ချုပ်လုပ်ငန်း ၂၀ကို Action Aid Myanmar က ဦးဆောင်ပြီး စစ်တမ်းကောက်ယူခဲ့ခြင်းပြီဖြစ်သည်။ အခမ်းအနားတွင် Action Aid Myanmar ၏ ဌာနေကိုယ်စားလှယ် Mr. Shihab Uddin Ahmed က အဖွင့်အမှာစကားပြောခဲ့ပြီး အမျိုးသမီးအခွင့်အရေးဌာန၏ မန်နေဂျာ ဒေါ်စုစုလှိုင်က သုတေသနစာတမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းအပြင် စက်ရုံ အမျိုးသမီးအလုပ်သမ တစ်ဦးမှ မိမိတွေ့ကြုံရသော အခြေအနေများကို ဆွေးနွေးဖလှယ်ခဲ့သည်။
အဆိုပါ တွေ့ရှိထားသည့် စစ်တမ်းအပေါ် အလုပ်သမားအရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ တာဝန်ခံ ဒေါ်အိရွှေဇင်ညွှန့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရေးသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း MWEA၏ အလုပ်အမှုဆောင် ဒေါ်ကြွေကြွေဇင်၊ Win Apex International Group ဒ CEO ဦးကျော်ဝင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီ၊ နိုင်ငံခြားရေး နှင့် ဓနသဟာရနိုင်ငံများရုံးမှ အကြီးတန်းလုံခြုံရေးနှင့် တရားရေးအကြံပေး Mr Edward Bell နှင့် မဇ္ဈိမမီဒီယာ၏ ဒါရိုက်တာ ဒေါ်သင်းသင်းအောင်က ဆွေးနွေးခဲ့ကြသည်။
ဓာတ်ပုံ - သက်ကို