Amara foundation နှင့် Amara river curise တို့၏အစီအစဉ်ဖြင့် အထွေထွေရောဂါကုသပေးမှုများကို အခမဲ့ကုသပေး

Amara foundation နှင့် Amara river curise တို့၏အစီအစဉ်ဖြင့် မန္တလေးမြို့ ၊မင်းကွန်း နှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားနှင့်ခံတွင်းကျန်းမာရေး၊အထွေထွေရောဂါကုသပေးမှုများကို အခမဲ့ကုသပေးနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ အိမ်ခြေမဲ့၊လက်လုပ်လက်စားများကို အခမဲ့ကုသပေးတာဖြစ်ပြီး အင်အား ၄၀ ဦးပါဝင်ကာ မင်းကွန်းတွင် လူနာ ၆၀၀ ဦးကိုကုသပေခဲ့ပြီးဖြစ်သည်။၎င်းအဖွဲ့ကို ၂၀၀၈ နာဂစ်အပြီးတွင် စတင်ဖွဲ့စည်းခဲ့ကာ ၂၀၀၈ မှ ၂၀၁၅ အထိ လူနာပေါင်း ၂ သိန်းခန့် ကို မြန်မာနိုင်ငံအနှံ့ အခမဲ့ ကုသပေးပြီးဖြစ်သည်ဟုလက်ရှိ အဖွဲ့မန်နေဂျာ ဒေါ်လီလီချို မှမဇ္ဈိမကိုပြောသည်။၎င်းအဖွဲ့သည် ရေဘေးဒဏ်ခံနေရသော ဒေသများကိုလည်းသွားရောက်မည်ဖြစ်သည်။