၂၀၁၆-၁၇ ရာသီ လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါရာသီပိတ်ပွဲစဉ် (၃၈)အဖြစ် မာလာဂါနှင့် ပွဲမှာ စီရော်နယ်လ်ဒို၊ ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်အနိုင်ရခဲ့ပြီး ၂၀၁၆-၁၇ ရာသီ လာလီဂါချန်ပီယံဖြစ်လာပါတယ်။ ဒါက ရီးယဲလ်တို့အတွက် ၂၀၁၁-၁၂ နောက်ပိုင်းဝေးကွာနေတဲ့ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး (၃၃)ကြိမ်မြောက် လာလီဂါဆုဖလားလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်အသင်းအနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လာလီဂါပွဲစဉ်(၃၈)ပွဲစလုံးကို ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်တစ်ရပ် ရရှိခဲ့သလို ပြိုင်ပွဲစုံမှာလည်း ပွဲဆက်ဂိုးသွင်းခဲ့တာ (၆၅)ပွဲအထိရှိလာပြီဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)