ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား အောင်ပွဲခံပုံရိပ်များ

မေလ ၂၁ ရက်နေ့က ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဆန်းဒါးလန်းကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ဆုဖလားကို ကိုင်မြှောက်တဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ယခုအကြိမ်အပါအဝင် အမှတ်ပေးဖလားကို (၅) ကြိမ်ထိ ဆွတ်ခူးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ ဆွတ်ခူးနိုင်တဲ့ ရာသီတွေကတော့ ၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၉-၁၀၊ ၂၀၁၄-၁၅၊ ၂၀၁၆-၁၇ တို့ဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)