YBS စနစ်မြှင့်တင်ဖို့ ဘတ်စ်ကားအစီး ၁၀၀ ရန်ကုန်သို့ ရောက်ရှိ

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အနီးရှိ ပြည်သူ့ ဥယျာဉ်မှာ YBS အတွက် အသုံးပြုမယ့် ဘတ်စ်ကားများကို မေလ ၁၅ ရက်က တွေ့ရတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) က ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်သစ်ကို မြှင့်တင်ဖို့အတွက် ဘတ်စ်ကားအစီးရေ ၁၀၀ မှာ တရုတ်နိုင်ငံမှ ရန်ကုန်ဆီ ပထမအသုတ်အနေနဲ့ ရောက်ရှိလာတာဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅ သောင်း ၆ ထောင် ကုန်ကျတယ်လို့ သိရပါတယ်။  (ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)