၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံ ချယ်လ်ဆီး

မေ ၁၂ ရက်နေ့က ဘာမင်ဂမ်ရှိ Hawthorns ကွင်းမှာ ချယ်လ်ဆီးက ဝက်စ်ဘရွန်းကို ၁ ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ် (၃၆) အပြီးမှာ ၂၀၁၆-၁၇ ရာသီရဲ့ ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံဖြစ်လာပါတယ်။ ချယ်လ်ဆီးဟာ ယခုအကြိမ်အပါအဝင် အမှတ်ပေးဖလားကို (၅) ကြိမ်ထိ ဆွတ်ခူးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ ဆွတ်ခူးနိုင်တဲ့ ရာသီတွေကတော့ ၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၉-၁၀၊ ၂၀၁၄-၁၅၊ ၂၀၁၆-၁၇ တို့ဖြစ်ပါတယ်။ ချန်ပီယံအသင်းသားတွေ၊ နည်းပြနဲ့ အဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံတဲ့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)