ပြင်ဦးလွင်လမ်းမ​ပေါ် တော်လှကျေးရွာ၌ သင်္ကြန်​အတက်​​နေ့နံနက်​က ယာဉ်တစ်​စီးတိမ်းမှောက်

မန္တလေး ဧပြီ ၁၆။   ။ မန္တလေးတိုင်းဒေသကြီး တော်လှကျေးရွာ ပြင်ဦးလွင်လမ်းမကြီး​ပေါ်၌ သင်္ကြန်​အတက်​​နေ့ ဧပြီ ၁၆ရက်​ နံနက် ၈း၁၅ နာရီအချိန်​က ကြက်ဥတင်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့သည်။
မန္တလေးဘက်မှ မောင်းနှင်လာသော ၎င်းယာဉ်သည် တော်လှကျေးရွာဆိုင်းဘုတ်အနီး၌ သင်္ကြန်ကားတစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်​းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေကျေမှု မရှိခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း၊ ဓာတ်​ပုံ- မျိုးချစ်သွေး မြေလတ် -CJ)