ဗြိတိန်လွှတ်တော်အနီး အကြမ်းဖက်တိုက်ခိုက်မှု လူ ၅ ဦးသေဆုံး

ဗြိတိန်လွှတ်တော်အပြင်ဘက်မှာ မတ်လ ၂၂ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူအပါအဝင်လူ ၅ ဦး သေဆုံးခဲ့ပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - အီးပီိအေ၊ အေအက်ဖ်ပီ) တိုက်ခိုက်သူမှာ ပါလီမန်နားက ဝက်စမင်စတာ တံတားပေါ် လမ်းလျှောက်နေသူတွေထဲကို ကားတစ်စီး မောင်းဝင်လာကာ လူတွေကို လိုက်တိုက်ပြီးနောက် ပါလီမန်ခြံဝင်းထဲဝင်ပြီး လုံခြံုရေးတပ်ဖွဲ့ဝင်ရဲကို ဓားနဲ့ထိုးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တိုက်ခိုက်သူကို ရဲက ပစ်တ်ခဲ့ပါတယ်။ ဓားအထိုးခံရတဲ့ ရဲဟာလည်း နောက်ပိုင်း သေဆုံးသွားတယ်လို့ သိရပါတယ်။