လောက်ကိုင်မြို့ တိုက်ပွဲကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံး၊ ထောင်ပေါင်းများစွာ ထွက်ပြေး

မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် နယ်စပ်မြို့ လောက်ကိုင်ကနေတာ ထွက်ပြေးတိမ်းရှောင်ဖို့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို စောင့်ဆိုင်းနေတာကို မတ်လ ရ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ၊ အေအက်ဖ်ပီ) တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲများကြောင့် လူအနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီးနောက် ထောင်ပေါင်းများစွာတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပြီး တရုတ်နိုင်ငံက ချက်ချင်းအပစ်ရပ်ဖို့ရန် နှစ်ဖက်စလုံးကို တိုက်တွန်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းမှာ မတ် ရ ရက်က ဖော်ပြထားပါတယ်။ ၂ ရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့ လောက်ကိုင်မြို့ တိုက်ပွဲကြောင့် လာရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူဘုန်း ကြီးကျောင်းတစ်ခုတည်းမှာ စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်နေပြီး ထပ်မံလာရောက်သူများလည်းရှိနေသေးလို့ သိရပါတယ်။