မန်းရွှေစက်တော်ဘုရားပွဲ လာရောက်ဖူးမျှော်သူများ၍ တည်းကျောင်းများ တနင်္လာနေ့ထိ Booking ပြည့်နေ

မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ယနေ့ မတ်လ(၄)ရက် စနေနေ့က ဘုရားဖူးများ ဘုရားဖူးယာဉ်များဖြင့် သောင်ပြင်တစ်လျှောက်ပြည့်ကြပ်နေကာ စည်ကားလျက်ရှိသည်။
အထက်သောင်၊ အောက်သောင်ရှိ နေထိုင်စရာ တည်းခိုခန်းများအားလုံးလည်း လူပြည့်နေ၍ နောက်ထပ်ရောက်လာသည့် ဘုရားဖူးများ နေစရာတည်းကျောင်းများ မရှိဖြစ်နေပြီး တစ်ချို့ တည်းကျောင်းများမှာ သတ်မှတ်နှုန်းထားထက် ပိုမိုပေး၍ တည်းခိုနေရကြောင်းလည်း သိရသည်။ ယင်းအပြင် တည်းကျောင်းများမှာ တနင်္လာနေ့အထိ ဘွတ်ကင်ပြည့်နေကြောင်း တည်းကျောင်းလုပ်ငန်းရှင် တစ်ချိုထံက သိရှိရသည်။
တစ်ချို့ ဘုရားဖူးများမှာ နေစရာတည်းကျောင်းများ မရှိ၍ နေ့ချင်းပြန်းဘုရားဖူးကာ မင်းဘူးနှင့်မကွေးမြို့များတွင် ညအိပ်တည်းခိုကြကြောင်းလည်း သိရှိရသည်။
(သတင်း/ဓာတ်ပုံ- တင်ရွှေ)