Horizon International School ၏ (၉) ကြိမ်မြောက် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ ကျင်းပ

(၉) ကြိမ်မြောက် Horizon International School ၏ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ Horizon International Schoolတွင် ကျင်းပပြုလုပ်စဉ်။
အဆိုပါ ပြိုင်ပွဲတွင် အဆင့်နှစ်မျိုး သတ်မှတ်ထားပြီး အငယ်တန်းအဆင့်တွင် စတုတ္တတန်းမှ ဆဋ္ဌမတန်းထိဖြစ်ပြီး အကြီးတန်းအဆင့်တွင် သတ္တမတန်းမှ နဝမတန်းထိဖြစ်သည်။ ရန်ကုန်မြိ့ပေါ်ရှိ အစိုးရ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၀ ကျော်နှင့် International School ၁၀ ကျောင်းမှ ကျောင်းသား/သူ ၈၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြသည်ဟု သိရသည်။
(ဓာတ်ပုံ-သက်ကို)