အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)အား ရှင်းလင်းတင်ပြသည့်အခမ်းအနား

လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network)၊ ကုလသမဂ္ဂ ကျား၊ မ ရေးရာအဖွဲ့ (UN Gender Theme Group) တို့အတူပူးပေါင်းရေးဆွဲခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) အား ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဇူလိုင် ၁၆ ရက် ကနေပြည်တော်ရှိ Hotel Royal ACEတွင် ပြုလုပ်စဉ်၊(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)။
အဆိုပါ ဥပဒေကြမ်းသည် ဥပဒေအဖြစ် အသက်ဝင်ရန် အရေးတကြီးလိုအပ်နေပြီဟု တက်ရောက်သူ အများစုက ပြောသည်။ ဥပဒေမူကြမ်းတွင် အခန်းပေါင်း ၁၉ခု ပါရှိသည်။