ငါးမျှားစခန်းမှ ပင်လယ် ငါးဖမ်း တံငါသည်တို့ရဲ့ ဘဝ

ငါးမျှားစခန်းရွာ သို့မဟုတ် ပင်လယ်သစ်ရွာသည် မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး အဆိုပါရွာတွင် နေထိုင်ကြသည့်သူများသည် ပင်လယ် ငါးဖမ်းလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိက လုပ်ဆောင်ကြသည့် ရွာတရွာလည်း ဖြစ်ပါသည်။ အဆိုပါရွာတွင် အိမ်ခြေ တစ်ရာကျော် ရှိပြီး လူဦးရေ ၅၀၀ ခန့် နေထိုင်သည့် တံငါရွာလည်း ဖြစ်ပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရနှင့် TOYO THAI ကုမ္မဏီတို့မှ ၂၀၁၆ တွင် စတင် အကောင်အထည်ဖော်မည့် ကျောက်မီးသွေး စက်ရုံ စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည့် ရွာတစ်ရွာလည်း ဖြစ်သည်။ အဆိုပါ ကျောက်မီးသွေး စက်ရုံတည်ဆောက်ပါက ရွာသူရွာသားများ မူလနေရာမှ ပြောင်းရွှေ့ရမည်ကို စိုးရိမ်သလို စက်ရုံမှ ထွက်ရှိလာမည့် ရေဆိုးရေညစ်နှင့် ပြာများအား ပင်လယ်ထဲသို့ ပစ်ချမည်ဆိုပါ ငါးများ သေဆုံးမှု ရှိသကဲ့သို့ ပင်လယ်ကမ်းလွန်သို့ ငါးများ ေ့ရွှပြောင်းသွားမည်ကိုလည်း စိုးရိမ်ပူပန်ကြရပါသည်။
ပင်လယ်ငါးမျှားစခန်းရွာမှ တံငါသည်များဖြင့် တစ်နာရီကြာ ပင်လယ်ငါးဖမ်းလှေမှ အန္တာရယ်ကြား ဝမ်းစာရှာစားနေကြသည့် တံငါသည်၏ တရက်စာဘဝကို မဇ္ဈိမ သတင်းထောက် ဟောင်ဆာ (ရာမည) မှ ပင်လယ်ထဲမှာ တံငါဘဝများအကြောင်းကို ရိုက်ကူးထားပါသည်။