ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့များ၊ လွှတ်တော်အမတ်များ တွေ့ဆုံပွဲ

ပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးကိုယ်စားလှယ်များအား ဇွန်လ၂၄ရက်နေ့တွင် ပုသိမ်မြို့၊ဧရာရွှေဝါခန်းမတွင် တွေ့ဆုံပွဲကျင်းပခဲ့သည်။
"ကိုယ်ရပိုင်ခွင့်တွေက နိုင်ငံတော်ကပေးထားတာတော့မှန်တဲ့ သို့သော် ကိုယ်လိုအပ်သလောက်လေးပဲ ခံစားစေချင်တဲ့ ကိုယ်အသုံးချသလောက်လေးပဲ ရယူစေချင်တဲ့"ဟု တွေ့ဆုံပွဲတွင်   ပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်များအား မှာကြားခဲ့သည်။ (ဓာတ်ပုံ- စည်သူမောင်မောင်)