စစ်ကိုင်းမြို ့ပေါ်တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ကိုင်းပြစ်ကျေးရွာရှိ မြေနုကျွန်းများ ရောင်းစားထားမှုနှင့် ပတ်သက်ပြီး ကိုသန်းထိုက်ဦး(တက်ကြွလှုပ်ရှားသူ) မှ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့ပေါ်တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကိုင်းပြစ်ကျေးရွာမှ ရောင်းချထားသော မြေနုကျွန်းများကို မူလတောင်သူများကို ပြန်လည်လုပ်စားပိုင်ခွင့်   ပြန်လည်ရရှိရေးနှင့် ကိုင်းပြစ်ကျေးရွာအုပ်ချုပ်ရေးမှူး ကမြေနုကျွန်းရောင်းချထားမှုမ ှရရှိသော ငွေးကြေးများနှင့် သုံးစွဲမှုစာရင်းများကို ပြည်သူ့လွှတ်တော်ကို လိမ်လည်ပြီး အဖြေပေးပို့မှုကို စစ်ဆေးပေါ်ပေါက်သော်လည်း ဥပဒေနှင့်အညီ အရေးယူပေးခြင်းမရှိသော မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ကို ဖြုတ်ချအရေးယူပေးရန်နှင့် အဖြစ်မှန်ကို တင်ပြတိုင်တန်းထားသော်လည်း ဆောင်ရွက်မပေးသည့် ပြည်ထဲရေးဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အား ဖွဲ့စည်းပုံဥပဒေနဲ့အညီသမ္မတမှ ဖြုတ်ချပေးရန် တောင်ဆိုဆန္ဒထုတ်ဖော်ခဲ့သည်။